ပျဉ်းမနားမြို့ အခြေခံပညာအလယ်တန်းကျောင်း၊ မင်္ဂလာဇေယျုံ၌ လူငယ်စကားဝိုင်းကျင်းပ

ပျဉ်းမနား စက်တင်ဘာ ၂၂ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပျဉ်းမနား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့ မွန်းလွဲပိုင်းတွင် အခြေခံပညာအလယ်တန်းကျောင်း၊ မင်္ဂလာဇေယျုံ၌ ဆောင်ရွက်ခဲ့သည်။   ဦးစွာ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က အမှာစကားပြောကြားရာတွင် “ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွား လာကာ အများရှေ့တွင်ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေပြီး အပြန်အလှန် ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိ စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ယခု ကဲ့သို့ လူငယ်စကားဝိုင်းများ…

Read More

ပျဉ်းမနားမြို့ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပျဉ်းမနား စက်တင်ဘာ ၁၈ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပျဉ်းမနား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းတွင် အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။   ဦးစွာ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က အမှာစကားပြောကြားရာတွင် “ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွား လာကာ အများရှေ့တွင်ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေပြီး အပြန်အလှန် ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ယခု ကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပပေးရခြင်းဖြစ်ကြောင်း…

Read More

လူထုအခြေပြုဗဟိုဌာန Community Centre(ပျဉ်းမနား)၌ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စာဖတ်ဝိုင်းကျင်းပ

ပျဉ်းမနား စက်တင်ဘာ ၁၇ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန Community Centre တွင် အသိပညာပေးဟောပြောပွဲနှင့် လူငယ်စာဖတ်ဝိုင်းကို ယနေ့နံနက် ပိုင်းက ကျင်းပကြောင်းသိရသည်။   ဦးစွာ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် လူထုအခြေပြုဗဟိုဌာန Community Centre လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က “ကျား/မအခြေပြု အကြမ်းဖက်မှု” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောသည်။   ထို့နောက် စာရေးဆရာကြီးနန္ဒာသိန်းဇံ ရေးသားသည့် “ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း” စာအုပ်ဖြင့် ရေးလူငယ်စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း”စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးကြရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး…

Read More

လူထုအခြေပြုဗဟိုဌာန Community Centre(ပျဉ်းမနား)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပျဉ်းမနား ဩဂုတ် ၆ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ပိုင်းက ကျင်းပကြောင်းသိရသည်။ ဦးစွာ ပျဉ်းမနားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း လူငယ်များအပါအဝင် ပြည်သူများစာဖတ်ကြစေရန်အတွက် စာပေလေ့လာ ဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်များဖန်တီးပေးရန် လမ်းညွှန်ထားပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်များကိုအခြေခံကာ စနစ်တကျပြုစုပျိုးထောင် တည်ဆောက်ကြရမှာ ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့်လည်း ကျောင်းစာကဏ္ဍတွင်သာမက ဗလငါးတန်နှင့် ပြည့်စုံပြီး လူကောင်းများဖြစ်လာစေရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်းပြောကြားသည်။ ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏…

Read More

လူထုအခြေပြုဗဟိုဌာန(Community Centre) ပျဉ်းမနား၌ စာရေးဆရာဖေမြင့် ရေးသားသည့် “ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက် ပျဉ်းမနား ဇွန် ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက်ပိုင်းက စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူလူငယ်များဖြင့် စာရေးဆရာ ဖေမြင့် ရေးသားသည့် “ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း” စာအုပ်ကို စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။ အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူ ဒေါ်သင်းသင်းဇင်က “ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း” စာအုပ်ပါအကြောင်းအရာ များကို မိတ်ဆက်ဆွေးနွေးပြီး မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များပါဝင်သည့် စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလူငယ်များက “ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း” စာအုပ်ပါအကြောင်းအရာများကိုဆွေးနွေးကြရာ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ စာရေးဆရာ၊ ဆရာမများက လူငယ်များ၏ဆွေးနွေးမှုများအပေါ် အသီးသီး ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးအနေဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book…

Read More

ပျဉ်းမနားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ ပျဉ်းမနား ဇွန် ၁၆

ကျောင်းသား၊ကျောင်းသူလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများကို သိရှိရှောင်ရှားနိုင် စေရေးအတွက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ ဟောပြောပွဲတွင် ပြည်ထောင်စုနယ်မြေစာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်တာ က အဖွင့်အမှာစကားပြောကြားပြီး မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)၊ နေပြည်တော်အသင်းခွဲ ဥက္ကဋ္ဌ ဦးဇော်အောင်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အမှတ် ၁၀၁ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်သူက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဥပဒေများကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် စာရေးဆရာမ မေချို(ပျဉ်းမနား)နှင့် မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)၊ နေပြည်တော်အသင်းခွဲ အတွင်းရေးမှူး ဦးစံဝင်းတို့က ကျောင်းသား၊ကျောင်းသူ လူငယ်များ မူးယစ်ဆေးဝါးကိုရှောင်ရှားနိုင်စေရေး အသိပညာပေးဟောပြောကြသည်။…

Read More

လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ အင်္ဂလိပ်စာ Grammar သင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ ပျဉ်းမနား မတ် ၁၈

Read More

လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ အင်္ဂလိပ်စာ Grammar သင်တန်းနှင့် အခြေခံကွန်ပျူတာ သင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ ပျဉ်းမနား မတ် ၉

ပျဉ်းမနားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင်ဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ကာလ လူငယ်အကျိုးပြုသင်တန်းများဖြစ်သည့် အင်္ဂလိပ်စာ Grammar သင်တန်းနှင့် အခြေခံ ကွန်ပျူတာသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင်ကျင်းပသည်။   ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် ယခုလို နွေရာသီ ကျောင်းပိတ်ကာလမှာ ကျောင်းသား/ကျောင်းသူလူငယ်တွေအတွက် အကျိုးပြုအသုံးဝင်သည့် အင်္ဂလိပ်စာ Grammar သင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင် သည့်အတွက် များစွာအကျိုးရှိပါကြောင်း တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများ အနေဖြင့်လည်း သင်ကြားပြသမှုများကို သေချာစွာလိုက်နာမှတ်သားပြီး အခြေခံမှစ၍ မိမိဘဝအတွက် ပြန်လည် အသုံးချနိုင် သည်အထိ ဆက်လက်လေ့လာ သွားကြရန် လိုကြောင်းပြောကြားသည်။   ထို့နောက် နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင် က သင်တန်းများ ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍…

Read More

ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ၌ (၇၉)နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများဆောင်ရွက် ပျဉ်းမနား ဇန်နဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ နွေဦးကိုကိုက ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောသည်။ ထို့နောက် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသ စာအုပ် စာစောင်များနှင့် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။ မြို့နယ်(ပြန်/ဆက်)

Read More

လူထုအခြေပြုဗဟိုဌာန (Community Centre) ပျဉ်းမနား၌ စာရေးဆရာမကြီး‌ ခင်ဆွေဦး ရေးသားသည့် “ဒို့တိုင်းဌာနီ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက် ပျဉ်းမနား ဇန်နဝါရီ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက်ပိုင်းက စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာရေးဆရာမကြီး‌ ခင်ဆွေဦး ရေးသားသည့် “ဒို့တိုင်းဌာနီ” စာအုပ်ကို စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။   အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူ ဒေါ်သင်းသင်းဇင်က “ဒို့တိုင်းဌာနီ” စာအုပ်ပါအကြောင်းအရာများကို မိတ်ဆက်ဆွေးနွေးပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးက ဝတ္ထုဇာတ်ကြောင်းနှင့် ရသပါဝင်မှုများအပေါ် သုံးသပ်ဆွေးနွေး သည်။   ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဉတ္တရခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းက “ဒို့တိုင်းဌာနီ”စာအုပ်ပါ ဇာတ်ကောင်စရိုက်များကိုလည်းကောင်း၊ ဒက္ခိဏခရိုင် ဦးစီးမှူး ဒေါ်တင်တင်ချိုတို့က ဇာတ်အိမ်ဖွဲ့စည်းမှုနှင့် အနှစ်ချုပ်သုံးသပ်ချက်များကိုလည်းကောင်း အသီးသီးဆွေးနွေးကြသည်။   ထို့နောက် တက်ရောက်လာကြသည့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ စာရေးဆရာ၊…

Read More