သင်တန်းဖွင့်လှစ်မှုများ
လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ အင်္ဂလိပ်စာ Grammar သင်တန်းနှင့် အခြေခံကွန်ပျူတာ သင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ ပျဉ်းမနား မတ် ၉
ပျဉ်းမနားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင်ဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ကာလ လူငယ်အကျိုးပြုသင်တန်းများဖြစ်သည့် အင်္ဂလိပ်စာ Grammar သင်တန်းနှင့် အခြေခံ ကွန်ပျူတာသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင်ကျင်းပသည်။ ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် ယခုလို နွေရာသီ ကျောင်းပိတ်ကာလမှာ ကျောင်းသား/ကျောင်းသူလူငယ်တွေအတွက် အကျိုးပြုအသုံးဝင်သည့် အင်္ဂလိပ်စာ Grammar သင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင် သည့်အတွက် များစွာအကျိုးရှိပါကြောင်း တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများ အနေဖြင့်လည်း သင်ကြားပြသမှုများကို သေချာစွာလိုက်နာမှတ်သားပြီး အခြေခံမှစ၍ မိမိဘဝအတွက် ပြန်လည် အသုံးချနိုင် သည်အထိ ဆက်လက်လေ့လာ သွားကြရန် လိုကြောင်းပြောကြားသည်။ ထို့နောက် နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင် က သင်တန်းများ ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍…
“လူငယ်တို့၏ အခွင့်အရေးများ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်စဉ်
၁၁-၁-၂၀၂၅ ရက်နေ့တွင် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ “လူငယ်တို့၏ အခွင့်အရေးများ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်စဉ်
လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲဆောင်ရွက်စဉ်
၁၁-၁-၂၀၂၅ ရက်နေ့တွင် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲဆောင်ရွက်စဉ်
လူငယ်ရေးရာ အသိပညာပေး စာအုပ်၊ စာစောင်ပြပွဲဆောင်ရွက်စဉ်
၂၄-၆-၂၀၂၄ ရက်နေ့တွင် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ လူငယ်ရေးရာ အသိပညာပေး စာအုပ်၊ စာစောင်ပြပွဲဆောင်ရွက်စဉ်
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြိုင်ပွဲများ
၂၄-၆-၂၀၂၄ ရက်နေ့တွင် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြိုင်ပွဲများပြုလုပ်စဉ်
စာရေးသားခြင်း အတတ်ပညာ အလုပ်ရုံသင်တန်း(၁/၂၀၂၄) ဖွင့်လှစ်သင်ကြားစဉ်
၆-၁-၂၀၂၄ ရက်နေ့တွင် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ စာရေးသားခြင်း အတတ်ပညာ အလုပ်ရုံသင်တန်း(၁/၂၀၂၄) ဖွင့်လှစ်သင်ကြားစဉ်
လက်တွေအသုံးချ ဓာတ်ပုံပညာသင်တန်း ဖွင့်လှစ်စဉ်
၄-၃-၂၀၂၄ ရက်နေ့တွင် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ လက်တွေအသုံးချ ဓာတ်ပုံပညာသင်တန်း ဖွင့်လှစ်စဉ်
တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၄/၂၀၂၃) ဖွင့်လှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်သူများ အခြေခံကွန်ပျူတာပညာကို တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း၊ အမှတ်စဉ် (၄/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီးမြို့၊ ဘက်စုံသုံးခန်းမတွင် စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီက ကျင်းပ ပြုလုပ်ခဲ့ရာ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်း က အဖွင့်အမှာစကားပြောကြားရာတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဌာန၏ရည်မှန်းချက်တာဝန်များနှင့်အညီ ပြည်သူများအတွက် ဝန်ဆောင်မှုပေးလျက်ရှိသည့် လုပ်ငန်းများ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်နွေးထွေးအောင် က ကွန်ပျူတာသင်တန်းတွင် ပို့ချမည့် ဘာသာရပ်များ၊ သင်တန်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာနတွင် LCCI နှင့် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Open Learning Taunggyi တို့ပူးပေါင်းဖွင့်လှစ်သည့် LCCI နှင့် အခြေခံအင်္ဂလိပ်စာသင်တန်းအမှတ်စဉ် (၂/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကိုလူထုအခြေပြုဗဟိုဌာန(Community Centre)၊ တောင်ကြီး၊ ဘက်စုံသုံး ခန်းမတွင် ဒီဇင်ဘာလ ၉ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့် က အဖွင့်အမှာစကားပြောကြားပြီး Open Learning Taunggyi တည်ထောင်သူ ဦးအောင်ကျော် က ယခုဖွင့်လှစ်သည့်သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
- 1
- 2