လူထုအခြေပြုဗဟိုဌာန Community Centre(ပျဉ်းမနား)၌ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စာဖတ်ဝိုင်းကျင်းပ

ပျဉ်းမနား စက်တင်ဘာ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန Community Centre တွင် အသိပညာပေးဟောပြောပွဲနှင့် လူငယ်စာဖတ်ဝိုင်းကို ယနေ့နံနက် ပိုင်းက ကျင်းပကြောင်းသိရသည်။

 

ဦးစွာ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် လူထုအခြေပြုဗဟိုဌာန Community Centre လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က “ကျား/မအခြေပြု အကြမ်းဖက်မှု” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောသည်။

 

ထို့နောက် စာရေးဆရာကြီးနန္ဒာသိန်းဇံ ရေးသားသည့် “ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း” စာအုပ်ဖြင့် ရေးလူငယ်စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း”စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးကြရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ စာရေးဆရာ သဘာဝနှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့ လူငယ်များ၏ ဆွေးနွေးမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ဆက်)