ပျဉ်းမနား နိုဝင်ဘာ ၁၁
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ် စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က နေ့ထူးနေ့မြတ်ဖြစ်သည့် အမျိုးသားနေ့ကို ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်ပြီး တန်ဖိုးထားတတ်စေရန်နှင့် လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းအခြေအနေများ၊ ကျောင်းသား ကျောင်းသူများ ပြည်သူ့ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိပြီး စာအုပ် စာစောင်များ ဖတ်ရှုသည့်အလေ့အထ ကောင်းများ ရရှိစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပဆောင်ရွက် ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စာရေးဆရာ မောင်လေပြေ (တောင်တွင်း)က (၁၀၅)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အဖြစ် အမျိုးသားနေ့ဖြစ်ပေါ် လာပုံသမိုင်းကြောင်းများ၊ ကိုလိုနီနယ်ချဲ့တို့ ပြဌာန်း ခဲ့သော ကျွန်ပညာရေးဥပဒေနှင့် အမျိုးသားနေ့နှင့်သက်ဆိုင်သည့် ဗဟုသတုများကို ကျောင်းသား၊ ကျောင်းသူလူငယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက်အသိပညာပေး ဟောပြော ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူလူငယ်များက ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြသထားသည့် စာအုပ်၊ စာစောင်ပြပွဲနှင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ် ပြဘုတ်များ၊ လူငယ်ရေးရာအသိ ပညာပေး နံရံကပ်ပြဘုတ်များကို ကြည့်ရှုခဲ့ကြပြီး ပြည်သူ့စာကြည့်တိုက် အတွင်း Mini Museum ခင်းကျင်းပြသ ထားရှိမှုနှင့် စာအုပ်၊ စာစောင်များငှားရမ်း ပေးနေမှုအခြေ အနေများကို ကြည့်ရှု လေ့လာခဲ့ ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)