အသုံးပြုနိုင်သည့် ဝန်ဆောင်မှုများ
ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အစည်းအဝေးခန်းမ၊ သင်တန်းခန်းမ ကွန်ပျူတာခန်းမ၊ ဘက်စုံသုံးခန်းမ၊ အားကစားခန်းမ၊ ဟင်းလင်းပြင်ကာယလေ့ကျင့်ခန်း၊ အနုပညာခန်းမ၊ ကလေးကစားကွင်း၊ ကားပါကင်
လှုပ်ရှားမှုများ
လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား)
လူထုအခြေပြုဗဟိုဌာန Community Centre သည် ပြည်သူများအသိပညာရှာမှီးရာ နေရာ၊ ပြည်သူများ သတင်းအချက်အလက်ရှာဖွေရာနေရာ၊ ပြည်သူများတိုင်းကျိုးပြည်ကျိုး၊ ရပ်ကျိုး ရွာကျိုးများ ဆွေးနွေးတိုင်ပင်ရာနေရာ၊ ပြည်သူများ အပန်းဖြေရာနေရာဖြစ်သည့်အားလျော်စွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူလူထုကစိတ်ဝင်စားသော၊ အကူအညီ တောင်းခံနိုင်သော ပေါင်းစပ်ဆောင်ရွက်ပေးနိုင်သော၊ ဒေသခံပြည်သူများအတွက် တန်ဖိုးရှိ အသုံးဝင်သည့်နေရာအဖြစ် ပုံဖော်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ရုံးများကို လူထုအခြေပြုဗဟို ဌာန Community Centre အဖြစ်ပေါ်ပေါက်လာစေရန် ဆောင်ရွက်ခဲ့ပါသည်။ မူလစာကြည့်တိုက် လုပ်ငန်းများအပြင် ပြည်သူများစုဝေးဆွေးနွေးနိုင်သောနေရာ၊ ရပ်ကွက်ကောင်းကျိုး၊ ဒေသ ကောင်းကျိုးအတွက် သတင်းအချက်အလက်ရယူဖလှယ်နိုင်သောနေရာ၊ ပညာပေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်နိုင်သောနေရာ၊ လူငယ်များအတွက်အသိပညာအတတ်ပညာများ ဆွေးနွေးပို့ချ ပေးနိုင်သောနေရာများအဖြစ် အသုံးပြုနိုင်စေရန် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။

