လက်တွေအသုံးချ ဓာတ်ပုံပညာသင်တန်း ဖွင့်လှစ်စဉ်

၄-၃-၂၀၂၄ ရက်နေ့တွင် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ လက်တွေအသုံးချ ဓာတ်ပုံပညာသင်တန်း ဖွင့်လှစ်စဉ်

Read More

တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၄/၂၀၂၃) ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်သူများ အခြေခံကွန်ပျူတာပညာကို တတ်ကျွမ်းနားလည်‌စေရန် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း၊ အမှတ်စဉ် (၄/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီးမြို့၊ ဘက်စုံသုံးခန်းမတွင် စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီက ကျင်းပ ပြုလုပ်ခဲ့ရာ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်း က အဖွင့်အမှာစကားပြောကြားရာတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊  ဌာန၏ရည်မှန်းချက်တာဝန်များနှင့်အညီ ပြည်သူများအတွက် ဝန်ဆောင်မှုပေးလျက်ရှိသည့် လုပ်ငန်းများ  သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်နွေးထွေးအောင် က ကွန်ပျူတာသင်တန်းတွင် ပို့ချမည့် ဘာသာရပ်များ၊ သင်တန်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

Read More

တောင်ကြီးမြို့တွင် ကာယ၊ ဉာဏပြိုင်ပွဲများ၊ လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လူငယ်များ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုး တိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ကာယ၊ ဉာဏပြိုင်ပွဲများ၊ လူငယ်ရေးရာ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)  ဘက်စုံသုံးခန်းမနှင့် အနုပညာခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက ပြိုင်ပွဲများပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျောင်းသား လူငယ်များအတွက် အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲ၊ မြန်မာစာဉာဏ်စမ်းပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်၊ စကားပုံဆက်ပြိုင်ပွဲ၊ သင်္ချာဉာဏ်စမ်းပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။ ထို့နောက် တောင်ကြီးခရိုင်ဦးစီးမှူးက လူငယ်များအသိပညာဗဟုသုတရရှိစေရန်နှင့် သိမှတ် ဖွယ် လူငယ်ရေးရာအကြောင်းအရာများအား ဟောပြောခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင်ဆုရရှိသူများ အား တောင်ကြီးခရိုင်ဦးစီးမှူး က ဆုများအသီးသီး ချီးမြှင့်ပေးကြကြောင်းနှင့် နံရံကပ်စာစောင်များကို ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။

Read More

တောင်ကြီးမြို့တွင် စာရေးဆရာမ ငွေခြည်လင်းလက်(မြန်မာစာ)၏ အတွေးစာစီကဗျာပန်းချီစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ အစည်းအဝေးခန်းမ တွင် စာရေးဆရာမ ငွေခြည်လင်းလက်(မြန်မာစာ)၏ အတွေးစာစီကဗျာပန်းချီစာအုပ်ဖြင့် စာဖတ်ဝိုင်းကို မေ       ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့် က စာဖတ်ဝိုင်း ပြုလုပ်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) မှ စာပေပညာရှင်၊ ဝါသနာရှင်များက စာရေးဆရာမ ငွေခြည်လင်းလက်(မြန်မာစာ)၏ အတွေးစာစီကဗျာပန်းချီ စာအုပ်တွင်ပါရှိသော အတွေးရသ၊ သုတ ကဗျာများကို ဖတ်ကြားဆွေးနွေးကြသည်။

Read More

လူထုအခြေပြုဗဟိုဌာန (Community Centre) တောင်ကြီး တွင် စာဖတ်ဝိုင်းကျင်းပ

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် တောင်ကြီးမြို့နယ် စာရေးဆရာများနှင့် စာပေဝါသနာရှင်များက  စက်တင်ဘာလ ၂၅ ရက်နေ့ နေ့လည် (၁၂)နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ကြီးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ပြည်သူ့ စာကြည့်တိုက်အတွင်း၌   စာဖတ်ဝိုင်းကျင်းပဆွေးနွေးခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်းက က  စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားပြီး စာပေဝါသနာရှင်များက စာရေးဆရာ ထက်ဝေအောင်(စစ်ကိုင်း) ရေးသားသည့် ပန်းတိုင်းပွင့်ခွင့်ရှိပါသည်နှင့် အခြား ကလေးဝတ္ထုတိုများစာအုပ် ထဲမှ ဖတ်ရှုလေ့လာမှတ်သားခဲ့ကြသည့် ကြိုက်နှစ်သက်သည့် အကြောင်းအရာ အချက်အလက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

Read More

တောင်ကြီးမြို့တွင် စာရေးဆရာမ သျှီအင်ကြင်း ရေးသားသော “ ကမ်းဆင့်လက်မွန် ဝတ္ထုတိုစာစုများ” စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟို ဌာန(Community Centre)၊ Art Space တွင် စာရေးဆရာမ သျှီအင်ကြင်း ရေးသားသော “ ကမ်းဆင့်လက်မွန် ဝတ္ထုတိုစာစုများ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ဇူလိုင် ၁၅  ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ် ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့် က စာဖတ်ဝိုင်းပြုလုပ်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် တောင်ကြီးမြို့နယ်ရှိ စာပေပညာရှင်၊ စာရေးဆရာ/မများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) မှ စာပေပညာရှင်၊ ဝါသနာရှင်များက စာရေးဆရာမ သျှီအင်ကြင်း ရေးသားသော “ ကမ်းဆင့်လက်မွန် ဝတ္ထုတိုစာစုများ” စာအုပ်တွင်ပါရှိသော စာစုများကို ဖတ်ကြားဆွေးနွေးကြသည်။

Read More

တောင်ကြီးမြို့တွင် စာရေးဆရာမဆောင်းချစ်၏ သစ်တော့ကကြိုးစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ အစည်းအဝေးခန်းမ တွင် စာရေးဆရာမဆောင်းချစ်၏ သစ်တော့ကကြိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဖေဖော်ဝါရီ    ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ က ပြုလုပ် ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့် က စာဖတ်ဝိုင်း ပြုလုပ်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) မှ စာပေပညာရှင်၊ ဝါသနာရှင်များက စာရေးဆရာမဆောင်းချစ်၏ သစ်တော့ကကြိုးစာအုပ်တွင်ပါရှိသော အကြောင်းအရာများအား ဆွေးနွေးကြသည်။

Read More

တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာနတွင် LCCI နှင့် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Open Learning Taunggyi တို့ပူးပေါင်းဖွင့်လှစ်သည့် LCCI နှင့် အခြေခံအင်္ဂလိပ်စာသင်တန်းအမှတ်စဉ် (၂/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကိုလူထုအခြေပြုဗဟိုဌာန(Community Centre)၊ တောင်ကြီး၊ ဘက်စုံသုံး ခန်းမတွင် ဒီဇင်ဘာလ ၉ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့် က အဖွင့်အမှာစကားပြောကြားပြီး Open Learning Taunggyi တည်ထောင်သူ ဦးအောင်ကျော် က ယခုဖွင့်လှစ်သည့်သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

Read More

တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၂) ဖွင့်လှစ်ပုံစာအကျဉ်းပေးပို့ခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်သူများ အခြေခံကွန်ပျူတာပညာကို တတ်ကျွမ်းနားလည်‌စေရန်ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း၊ အမှတ်စဉ် (၂/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၊ တောင်ကြီးမြို့၊ ဘက်စုံသုံးခန်းမတွင် သင်တန်းသား ၂၀ ဦးဖြင့် စက်တင်ဘာ     ၃၀ ညနေ ၅ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေ က အဖွင့်အမှာစကားပြောကြားရာတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊  ဌာန၏ရည်မှန်းချက်တာဝန်များနှင့်အညီ ပြည်သူများအတွက် ဝန်ဆောင်မှုပေးလျက်ရှိသည့်လုပ်ငန်းများအားပြောကြားပြီး တောင်ကြီးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်း က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

Read More

တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာနတွင် အခြေခံအင်္ဂလိပ်စာသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်ပုံစာအကျဉ်းပေးပို့ခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်သူများ အင်္ဂလိပ်စာ(4 skill)ကို တတ်ကျွမ်း နားလည်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်း၊ အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၊ တောင်ကြီး၊ သင်တန်းခန်းမတွင် ဩဂုတ်    ၆ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးစိုးညွန့်ရွှေ က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တောင်ကြီးခရိုင် ဦးစီးမှူး ဦးနိုင်ဝင်းထွန်း က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

Read More