တောင်ကြီးမြို့တွင် ကာယ၊ ဉာဏပြိုင်ပွဲများ၊ လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လူငယ်များ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုး တိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ကာယ၊ ဉာဏပြိုင်ပွဲများ၊ လူငယ်ရေးရာ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)  ဘက်စုံသုံးခန်းမနှင့် အနုပညာခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက ပြိုင်ပွဲများပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျောင်းသား လူငယ်များအတွက် အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲ၊ မြန်မာစာဉာဏ်စမ်းပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်၊ စကားပုံဆက်ပြိုင်ပွဲ၊ သင်္ချာဉာဏ်စမ်းပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။ ထို့နောက် တောင်ကြီးခရိုင်ဦးစီးမှူးက လူငယ်များအသိပညာဗဟုသုတရရှိစေရန်နှင့် သိမှတ် ဖွယ် လူငယ်ရေးရာအကြောင်းအရာများအား ဟောပြောခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင်ဆုရရှိသူများ အား တောင်ကြီးခရိုင်ဦးစီးမှူး က ဆုများအသီးသီး ချီးမြှင့်ပေးကြကြောင်းနှင့် နံရံကပ်စာစောင်များကို ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။

Read More

တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြို ဉာဏ စွမ်းရည်ပြိုင်ပွဲ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လူငယ်များ ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို ဉာဏစွမ်းရည်ပြိုင်ပွဲ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၈ နာရီခွဲကပြုလုပ်သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက ပြိုင်ပွဲများပြုလုပ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အလယ်တန်း အဆင့် ကျောင်းသားလူငယ်များအတွက် စာစီစာကုံး၊ ပန်းချီ၊ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သင်္ချာ၊ သမိုင်းဉာဏ်စမ်းပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်၊ စကားပုံဆက်ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေ က အမှာစကားပြောကြားပြီး တောင်ကြီးခရိုင်ဦးစီးမှူးက မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းသိကောင်းစရာများကို ဟောပြောသည်။ ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသူများအား ပြည်နယ်ဦးစီးမှူးမှလည်းကောင်း၊…

Read More

လူထုအခြေပြုဗဟိုဌာန(Community Centre)၊ တောင်ကြီး၊ ကလေးစာဖတ်ခန်းတွင် ကာယ၊ ဉာဏပြိုင်ပွဲများကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ကလေးစာဖတ်ခန်းတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဩဂုတ်     ၂၆  မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင် ဦးစီးမှူး ဦးနိုင်ဝင်းထွန်း က ပြိုင်ပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်း များကို ရှင်းလင်းပြောကြားပြီး ဆေးရောင်ခြယ်၊ ‌စာဖတ်စွမ်းရည်၊ ဘောလုံးပစ်နှင့် ဝင်္ကပါလမ်းကြောင်းရှာပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့သည်။

Read More

ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ကလေးစာဖတ်ခန်းတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်း က ပြိုင်ပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကိုရှင်းလင်းပြောကြားပြီး ဆေးရောင်ခြယ်၊ ဘောလုံးပစ်၊ ဝင်္ကပါ၊ ထိုင်ခုံလု၊ ခွက်ရွှေ့ခြေနင်း၊ စာအုပ်ရွက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့သည်။

Read More