ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ၌ (၇၉)နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများဆောင်ရွက် ပျဉ်းမနား ဇန်နဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ နွေဦးကိုကိုက ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောသည်။ ထို့နောက် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသ စာအုပ် စာစောင်များနှင့် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။ မြို့နယ်(ပြန်/ဆက်)

Read More

(၁၀၅)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့် စာအုပ်စာစောင် ပြပွဲကျင်းပ

ပျဉ်းမနား  နိုဝင်ဘာ ၁၁   ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ် စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။   ဦးစွာ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က နေ့ထူးနေ့မြတ်ဖြစ်သည့် အမျိုးသားနေ့ကို ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်ပြီး တန်ဖိုးထားတတ်စေရန်နှင့် လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းအခြေအနေများ၊ ကျောင်းသား ကျောင်းသူများ ပြည်သူ့ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိပြီး စာအုပ် စာစောင်များ ဖတ်ရှုသည့်အလေ့အထ ကောင်းများ ရရှိစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့်…

Read More

တောင်ကြီးခရိုင် အ.ထ.က(ပန်သခွား) ၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေး နံရံကပ်စာစောင်ပြပွဲ

(၁၁-၇-၂၀၂၃)ရက်နေ့တွင် တောင်ကြီးခရိုင် အ.ထ.က(ပန်သခွား) ၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေး နံရံကပ်စာစောင်ပြပွဲဆောင်ရွက်မှု မှတ်တမ်း

Read More

ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ

( ၁၉-၄-၂၀၂၃ )ရက်နေ့တွင် ကျောက်တလုံးမြို့ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသစဉ်

Read More