လူထုအခြေပြုဗဟိုဌာန (Community Centre) ပျဉ်းမနား၌ စာရေးဆရာမကြီး‌ ခင်ဆွေဦး ရေးသားသည့် “ဒို့တိုင်းဌာနီ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက် ပျဉ်းမနား ဇန်နဝါရီ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက်ပိုင်းက စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာရေးဆရာမကြီး‌ ခင်ဆွေဦး ရေးသားသည့် “ဒို့တိုင်းဌာနီ” စာအုပ်ကို စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။   အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူ ဒေါ်သင်းသင်းဇင်က “ဒို့တိုင်းဌာနီ” စာအုပ်ပါအကြောင်းအရာများကို မိတ်ဆက်ဆွေးနွေးပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးက ဝတ္ထုဇာတ်ကြောင်းနှင့် ရသပါဝင်မှုများအပေါ် သုံးသပ်ဆွေးနွေး သည်။   ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဉတ္တရခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းက “ဒို့တိုင်းဌာနီ”စာအုပ်ပါ ဇာတ်ကောင်စရိုက်များကိုလည်းကောင်း၊ ဒက္ခိဏခရိုင် ဦးစီးမှူး ဒေါ်တင်တင်ချိုတို့က ဇာတ်အိမ်ဖွဲ့စည်းမှုနှင့် အနှစ်ချုပ်သုံးသပ်ချက်များကိုလည်းကောင်း အသီးသီးဆွေးနွေးကြသည်။   ထို့နောက် တက်ရောက်လာကြသည့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ စာရေးဆရာ၊…

Read More

တောင်ကြီးမြို့တွင် စာရေးဆရာမ ငွေခြည်လင်းလက်(မြန်မာစာ)၏ အတွေးစာစီကဗျာပန်းချီစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ အစည်းအဝေးခန်းမ တွင် စာရေးဆရာမ ငွေခြည်လင်းလက်(မြန်မာစာ)၏ အတွေးစာစီကဗျာပန်းချီစာအုပ်ဖြင့် စာဖတ်ဝိုင်းကို မေ       ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့် က စာဖတ်ဝိုင်း ပြုလုပ်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) မှ စာပေပညာရှင်၊ ဝါသနာရှင်များက စာရေးဆရာမ ငွေခြည်လင်းလက်(မြန်မာစာ)၏ အတွေးစာစီကဗျာပန်းချီ စာအုပ်တွင်ပါရှိသော အတွေးရသ၊ သုတ ကဗျာများကို ဖတ်ကြားဆွေးနွေးကြသည်။

Read More

လူထုအခြေပြုဗဟိုဌာန (Community Centre) တောင်ကြီး တွင် စာဖတ်ဝိုင်းကျင်းပ

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် တောင်ကြီးမြို့နယ် စာရေးဆရာများနှင့် စာပေဝါသနာရှင်များက  စက်တင်ဘာလ ၂၅ ရက်နေ့ နေ့လည် (၁၂)နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ကြီးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ပြည်သူ့ စာကြည့်တိုက်အတွင်း၌   စာဖတ်ဝိုင်းကျင်းပဆွေးနွေးခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်းက က  စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားပြီး စာပေဝါသနာရှင်များက စာရေးဆရာ ထက်ဝေအောင်(စစ်ကိုင်း) ရေးသားသည့် ပန်းတိုင်းပွင့်ခွင့်ရှိပါသည်နှင့် အခြား ကလေးဝတ္ထုတိုများစာအုပ် ထဲမှ ဖတ်ရှုလေ့လာမှတ်သားခဲ့ကြသည့် ကြိုက်နှစ်သက်သည့် အကြောင်းအရာ အချက်အလက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

Read More

တောင်ကြီးမြို့တွင် စာရေးဆရာမ သျှီအင်ကြင်း ရေးသားသော “ ကမ်းဆင့်လက်မွန် ဝတ္ထုတိုစာစုများ” စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟို ဌာန(Community Centre)၊ Art Space တွင် စာရေးဆရာမ သျှီအင်ကြင်း ရေးသားသော “ ကမ်းဆင့်လက်မွန် ဝတ္ထုတိုစာစုများ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ဇူလိုင် ၁၅  ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ် ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့် က စာဖတ်ဝိုင်းပြုလုပ်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် တောင်ကြီးမြို့နယ်ရှိ စာပေပညာရှင်၊ စာရေးဆရာ/မများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) မှ စာပေပညာရှင်၊ ဝါသနာရှင်များက စာရေးဆရာမ သျှီအင်ကြင်း ရေးသားသော “ ကမ်းဆင့်လက်မွန် ဝတ္ထုတိုစာစုများ” စာအုပ်တွင်ပါရှိသော စာစုများကို ဖတ်ကြားဆွေးနွေးကြသည်။

Read More

တောင်ကြီးမြို့တွင် စာရေးဆရာမဆောင်းချစ်၏ သစ်တော့ကကြိုးစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ အစည်းအဝေးခန်းမ တွင် စာရေးဆရာမဆောင်းချစ်၏ သစ်တော့ကကြိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဖေဖော်ဝါရီ    ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ က ပြုလုပ် ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့် က စာဖတ်ဝိုင်း ပြုလုပ်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) မှ စာပေပညာရှင်၊ ဝါသနာရှင်များက စာရေးဆရာမဆောင်းချစ်၏ သစ်တော့ကကြိုးစာအုပ်တွင်ပါရှိသော အကြောင်းအရာများအား ဆွေးနွေးကြသည်။

Read More