လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ အင်္ဂလိပ်စာ Grammar သင်တန်းနှင့် အခြေခံကွန်ပျူတာ သင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ ပျဉ်းမနား မတ် ၉

ပျဉ်းမနားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင်ဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ကာလ လူငယ်အကျိုးပြုသင်တန်းများဖြစ်သည့် အင်္ဂလိပ်စာ Grammar သင်တန်းနှင့် အခြေခံ ကွန်ပျူတာသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင်ကျင်းပသည်။   ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် ယခုလို နွေရာသီ ကျောင်းပိတ်ကာလမှာ ကျောင်းသား/ကျောင်းသူလူငယ်တွေအတွက် အကျိုးပြုအသုံးဝင်သည့် အင်္ဂလိပ်စာ Grammar သင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင် သည့်အတွက် များစွာအကျိုးရှိပါကြောင်း တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများ အနေဖြင့်လည်း သင်ကြားပြသမှုများကို သေချာစွာလိုက်နာမှတ်သားပြီး အခြေခံမှစ၍ မိမိဘဝအတွက် ပြန်လည် အသုံးချနိုင် သည်အထိ ဆက်လက်လေ့လာ သွားကြရန် လိုကြောင်းပြောကြားသည်။   ထို့နောက် နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင် က သင်တန်းများ ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍…

Read More

ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ၌ (၇၉)နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများဆောင်ရွက် ပျဉ်းမနား ဇန်နဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ နွေဦးကိုကိုက ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောသည်။ ထို့နောက် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသ စာအုပ် စာစောင်များနှင့် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။ မြို့နယ်(ပြန်/ဆက်)

Read More

လူထုအခြေပြုဗဟိုဌာန (Community Centre) ပျဉ်းမနား၌ စာရေးဆရာမကြီး‌ ခင်ဆွေဦး ရေးသားသည့် “ဒို့တိုင်းဌာနီ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက် ပျဉ်းမနား ဇန်နဝါရီ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက်ပိုင်းက စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာရေးဆရာမကြီး‌ ခင်ဆွေဦး ရေးသားသည့် “ဒို့တိုင်းဌာနီ” စာအုပ်ကို စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။   အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူ ဒေါ်သင်းသင်းဇင်က “ဒို့တိုင်းဌာနီ” စာအုပ်ပါအကြောင်းအရာများကို မိတ်ဆက်ဆွေးနွေးပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးက ဝတ္ထုဇာတ်ကြောင်းနှင့် ရသပါဝင်မှုများအပေါ် သုံးသပ်ဆွေးနွေး သည်။   ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဉတ္တရခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းက “ဒို့တိုင်းဌာနီ”စာအုပ်ပါ ဇာတ်ကောင်စရိုက်များကိုလည်းကောင်း၊ ဒက္ခိဏခရိုင် ဦးစီးမှူး ဒေါ်တင်တင်ချိုတို့က ဇာတ်အိမ်ဖွဲ့စည်းမှုနှင့် အနှစ်ချုပ်သုံးသပ်ချက်များကိုလည်းကောင်း အသီးသီးဆွေးနွေးကြသည်။   ထို့နောက် တက်ရောက်လာကြသည့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ စာရေးဆရာ၊…

Read More

(၁၀၅)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့် စာအုပ်စာစောင် ပြပွဲကျင်းပ

ပျဉ်းမနား  နိုဝင်ဘာ ၁၁   ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ် စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။   ဦးစွာ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က နေ့ထူးနေ့မြတ်ဖြစ်သည့် အမျိုးသားနေ့ကို ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်ပြီး တန်ဖိုးထားတတ်စေရန်နှင့် လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းအခြေအနေများ၊ ကျောင်းသား ကျောင်းသူများ ပြည်သူ့ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိပြီး စာအုပ် စာစောင်များ ဖတ်ရှုသည့်အလေ့အထ ကောင်းများ ရရှိစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့်…

Read More

“လူငယ်တို့၏ အခွင့်အရေးများ”  ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်စဉ်

၁၁-၁-၂၀၂၅ ရက်နေ့တွင် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ “လူငယ်တို့၏ အခွင့်အရေးများ”  ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်စဉ်

Read More

လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲဆောင်ရွက်စဉ်

၁၁-၁-၂၀၂၅ ရက်နေ့တွင် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲဆောင်ရွက်စဉ်

Read More

(၇၇)နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲဆောင်ရွက်စဉ်

၁၉-၁၂-၂၀၂၄ ရက်နေ့တွင် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား) (၇၇)နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲဆောင်ရွက်စဉ်

Read More

လူငယ်ရေးရာ အသိပညာပေး စာအုပ်၊ စာစောင်ပြပွဲဆောင်ရွက်စဉ်

၂၄-၆-၂၀၂၄ ရက်နေ့တွင် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ လူငယ်ရေးရာ အသိပညာပေး စာအုပ်၊ စာစောင်ပြပွဲဆောင်ရွက်စဉ်

Read More

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြိုင်ပွဲများ

၂၄-၆-၂၀၂၄ ရက်နေ့တွင် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြိုင်ပွဲများပြုလုပ်စဉ်

Read More

စာရေးသားခြင်း အတတ်ပညာ အလုပ်ရုံသင်တန်း(၁/၂၀၂၄) ဖွင့်လှစ်သင်ကြားစဉ်

၆-၁-၂၀၂၄ ရက်နေ့တွင် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ စာရေးသားခြင်း အတတ်ပညာ အလုပ်ရုံသင်တန်း(၁/၂၀၂၄) ဖွင့်လှစ်သင်ကြားစဉ်

Read More