ပျဉ်းမနား ဒီဇင်ဘာ ၁၅
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာဖတ် သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံ ငှားရမ်းပေးမှုကို ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ရပ်ကွက်/ကျေးရွာ များအရောက် လှည့်လည်ငှားရမ်း ပေးလျက်ရှိရာ ယနေ့နံနက် ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းနှင့် ကင်ပွန်းတန်း ကျေးရွာအုပ်စု၊ သဲကျွန်းကျေးရွာ တို့သို့ သွားရောက်ငှားရမ်း ပေးကြသည်။
စာအုပ်ငှားရမ်း ဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်၌ သုတ/ရသ စာအုပ်မျိုးစုံ ၂၀၀၀ ကျော်စီစဉ် ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ်ဖြည့်ဆည်း ပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ စာပေအလွယ် တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများရှိ စာဖတ်သူများ လက်ဝယ်အရောက် လိုက်လံငှားရမ်း ပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့ စာကြည့်တိုက်တွင်လည်း သုတ၊ ရသစာအုပ်များကို မည်သူမဆိုအခမဲ့ လာရောက်ငှားရမ်း ဖတ်ရှုနိုင် ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)




