လူထုအခြေပြုဗဟိုဌာန Community Centre(ပျဉ်းမနား)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
ပျဉ်းမနား ဩဂုတ် ၆ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ပိုင်းက ကျင်းပကြောင်းသိရသည်။ ဦးစွာ ပျဉ်းမနားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း လူငယ်များအပါအဝင် ပြည်သူများစာဖတ်ကြစေရန်အတွက် စာပေလေ့လာ ဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်များဖန်တီးပေးရန် လမ်းညွှန်ထားပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်များကိုအခြေခံကာ စနစ်တကျပြုစုပျိုးထောင် တည်ဆောက်ကြရမှာ ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့်လည်း ကျောင်းစာကဏ္ဍတွင်သာမက ဗလငါးတန်နှင့် ပြည့်စုံပြီး လူကောင်းများဖြစ်လာစေရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်းပြောကြားသည်။ ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏…