ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ အကြောင်းအသိပညာပေး Talk Showဆောင်ရွက်

Read More

လူထုအခြေပြုဗဟိုဌာန(Community Centre) ပျဉ်းမနား၌ စာရေးဆရာဖေမြင့် ရေးသားသည့် “ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက် ပျဉ်းမနား ဇွန် ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက်ပိုင်းက စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူလူငယ်များဖြင့် စာရေးဆရာ ဖေမြင့် ရေးသားသည့် “ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း” စာအုပ်ကို စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။ အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူ ဒေါ်သင်းသင်းဇင်က “ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း” စာအုပ်ပါအကြောင်းအရာ များကို မိတ်ဆက်ဆွေးနွေးပြီး မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များပါဝင်သည့် စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလူငယ်များက “ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း” စာအုပ်ပါအကြောင်းအရာများကိုဆွေးနွေးကြရာ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ စာရေးဆရာ၊ ဆရာမများက လူငယ်များ၏ဆွေးနွေးမှုများအပေါ် အသီးသီး ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးအနေဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book…

Read More

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး ပျဉ်းမနား ဇွန် ၁၈

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ် သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လှည့်လည်ငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  ပျဉ်းမနားမြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ငှားရမ်းပေးကြသည်။   စာအုပ်ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်၌ သုတ/ရသ စာအုပ်မျိုးစုံ(၂၀၀၀)ကျော်စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ်ဖြည့်ဆည်း ပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် ပြန်လည် အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။   ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ စာပေအလွယ် တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများရှိ စာဖတ်သူများလက်ဝယ် အရောက် လိုက်လံငှားရမ်း‌ပေးခြင်းဖြစ်ပြီး…

Read More

ပျဉ်းမနားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ ပျဉ်းမနား ဇွန် ၁၆

ကျောင်းသား၊ကျောင်းသူလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများကို သိရှိရှောင်ရှားနိုင် စေရေးအတွက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ ဟောပြောပွဲတွင် ပြည်ထောင်စုနယ်မြေစာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်တာ က အဖွင့်အမှာစကားပြောကြားပြီး မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)၊ နေပြည်တော်အသင်းခွဲ ဥက္ကဋ္ဌ ဦးဇော်အောင်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အမှတ် ၁၀၁ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်သူက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဥပဒေများကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် စာရေးဆရာမ မေချို(ပျဉ်းမနား)နှင့် မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)၊ နေပြည်တော်အသင်းခွဲ အတွင်းရေးမှူး ဦးစံဝင်းတို့က ကျောင်းသား၊ကျောင်းသူ လူငယ်များ မူးယစ်ဆေးဝါးကိုရှောင်ရှားနိုင်စေရေး အသိပညာပေးဟောပြောကြသည်။…

Read More

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး ပျဉ်းမနား ဇွန် ၁၆

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ် သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လှည့်လည်ငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက် ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာ တို့သို့ သွားရောက်ငှားရမ်းပေးကြသည်။ စာအုပ်ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်၌ သုတ/ရသ စာအုပ်မျိုးစုံ(၂၀၀၀)ကျော်စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ်ဖြည့်ဆည်း ပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် ပြန်လည် အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ စာပေအလွယ် တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများရှိ စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်း‌ပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း သုတ၊ ရသစာအုပ်များကို မည်သူ မဆိုအခမဲ့…

Read More