တောင်ကြီးမြို့တွင် သက်ကြီးစာပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ တောင်ကြီး မြို့နယ်၏ စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီကကျင်းပသည်။ ရှေးဦးစွာ တောင်ကြီးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမောင်ခွန်နွယ်(အင်းလေး) က အဖွင့်အမှာစကား ပြောကြားပြီး ဆရာရဲဘော်မြသိန်း က မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို)မှ ပေးပို့သော သဝန်လွှာအားဖတ်ကြားသည်။ ထို့နောက် ဆရာမ သျှီ(အင်ကြင်း) က မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို)မှ ပေးပို့သော အသင်းအဖွဲ့စည်းမျဉ်းကို ဖတ်ကြားပြီး တောင်ကြီးမြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး ဦးစည်သာဟိန်းက တစ်နှစ်တာဆောင်ရွက်ချက် ဘဏ္ဍာရေးရှင်းတမ်းများကိုတင်ပြသည်။ ဆက်လက်၍ ၂၀၂၁ ခုနှစ် စာပေဗိမာန်စာမူဆုပြိုင်ပွဲ၊ ကလေးစာပေဆု ဘာသာရပ်တွင် တတိယဆု ရရှိသော ဆရာရဲဘော်မြသိန်း…

Read More