လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား) Community Centre
လူထုအခြေပြုဗဟိုဌာန Community Centre သည် ပြည်သူများအသိပညာရှာမှီးရာ နေရာ၊ ပြည်သူများ သတင်းအချက်အလက်ရှာဖွေရာနေရာ၊ ပြည်သူများတိုင်းကျိုးပြည်ကျိုး၊ ရပ်ကျိုး ရွာကျိုးများ ဆွေးနွေးတိုင်ပင်ရာနေရာ၊ ပြည်သူများ အပန်းဖြေရာနေရာဖြစ်သည့်အားလျော်စွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူလူထုကစိတ်ဝင်စားသော၊ အကူအညီ တောင်းခံနိုင်သော ပေါင်းစပ်ဆောင်ရွက်ပေးနိုင်သော၊ ဒေသခံပြည်သူများအတွက် တန်ဖိုးရှိ အသုံးဝင်သည့်နေရာအဖြစ် ပုံဖော်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ရုံးများကို လူထုအခြေပြုဗဟို ဌာန Community Centre အဖြစ်ပေါ်ပေါက်လာစေရန် ဆောင်ရွက်ခဲ့ပါသည်။ မူလစာကြည့်တိုက် လုပ်ငန်းများအပြင် ပြည်သူများစုဝေးဆွေးနွေးနိုင်သောနေရာ၊ ရပ်ကွက်ကောင်းကျိုး၊ ဒေသ ကောင်းကျိုးအတွက် သတင်းအချက်အလက်ရယူဖလှယ်နိုင်သောနေရာ၊ ပညာပေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်နိုင်သောနေရာ၊ လူငယ်များအတွက်အသိပညာအတတ်ပညာများ ဆွေးနွေးပို့ချ ပေးနိုင်သောနေရာများအဖြစ် အသုံးပြုနိုင်စေရန် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။
ထိုသို့ လူထုအခြေပြု ဗဟိုဌာနများအဖြစ် ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား) Community Centre (၃)ထပ်အဆောက်အဦ ဖွင့်ပွဲကို ၂၈-၆-၂၀၁၇ ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်များ တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့ပါသည်။
လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား) Community Centre (၃)ထပ်အဆောက်အဦ၏ မြေညီထပ်တွင် ပြည်သူများစာပေအလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်အတွက် ပြည်သူ့စာကြည့် တိုက်ကိုဖွင့်လှစ်ထားရှိပြီး ပထမထပ်တွင် ကွန်ပျူတာသင်တန်းခန်းနှင့် စာဖတ်ဝိုင်း၊ စာပေ ဆွေးနွေးပွဲများဆောင်ရွက်သည့် Book Club အခန်း၊ ဒုတိယထပ်တွင် သင်တန်းများနှင့် အခမ်း အနားများကျင်းပသည့် ဘက်စုံသုံးခန်းမနှင့် နည်းပြနားနေခန်းများအဖြစ် အသုံးပြုဆောင်ရွက် လျက်ရှိပါသည်။
လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား) Community Centre တွင် လူငယ်အကျိုးပြု သင်တန်း များဖြစ်သည့် ကွန်ပျူတာသင်တန်းများ၊ အင်္ဂလိပ်စာ Grammar သင်တန်းများ၊ လူငယ်စာဖတ်ဝိုင်း များ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများနှင့် အသိပညာပေး ဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်၍ လူငယ်များကိုအခြေပြုကာ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေလျက်ရှိပါသည်။
လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား) Community Centre အနေဖြင့် ပြည်သူများ အတတ် ပညာများရှာမှီးနိုင်သည့်နေရာ၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတများ ရှာမှီးရရှိရာနေရာ၊ သတင်းအချက်အလက်များ ရှာဖွေလေ့လာဖြန့်ဝေနိုင်သည့် ပြည်သူအကျိုးပြုရာနေရာ တစ်ခု ဖြစ်လာစေရန်၊ လူကြီးလူငယ်မရွေး Community Centre အား အသုံးပြု ဝင်ထွက်သွားလာနိုင်သည့် အများပြည်သူရင်းနှီးကျွမ်းဝင်ရာနေရာဖြစ်လာစေရန်၊ ဒေသခံပြည်သူများ အားလုံး လာရောက် စုရုံးကာ မိမိတို့၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို စုပေါင်းဆွေးနွေးတိုင်ပင်ရာ နေရာတစ်ခု ဖြစ်ပေါ်လာစေရန် အများပြည်သူအကျိုးရှိစွာ အသုံးပြုနိုင်သည့် လူထုအခြေပြုဗဟိုဌာန အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။